သစ္စာပန်းကဗျာရိပ်မွန်မှ ကြိုဆိုပါ၏

Saturday, 28 June 2008

"ပန်းတိုင်ရှိရာ"

ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေ စနိုင်ဖို့ အတွက်ပါပဲ။
ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ..။
ကြောက်စိတ်မ၀င်နဲ့ ကလေး
ပထမခြေလှမ်းမှာ ယိုင်လဲ
ဒူးပြဲချင် ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ် ခြေလှမ်းတွေစမယ်..။
လေးဘက်သွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်း ကဲစမ်း
ရဲရဲလှမ်း ကလေး..
(ပြီးရင် )
ပြေးလှမ်းပေါ်တက်ရအောင်...။
မောင်စိန်ဝင်း(ပုတီးကုန်း)
(၂၀၀၈ ဖေဖော်ဝါရီလ ငွေတာရီမဂ္ဂဇင်း)
(သူငယ်ချင်းတယောက်ထံမှ ရရှိခြင်းဖြစ်ပါသည် အမှားပါရင်လည်းခွင့်လွတ်ပါ)

No comments: