မကျော်ကောင်းတဲ့ စည်းတွေခြားသွားခဲ့ပြီပဲ
ငါမကျော်တော့ပါဘူး
ဒါပေမဲ့ အဲ့ဒီစည်းရဲ့အနီးဆုံးမှာတော့ ငါရှိနေပါရစေ
ကျော်လို့မရတဲ့ တံတိုင်းတွေ ခြားသွားခဲ့ပြီပဲ
ငါမကျော်တော့ပါဘူး
ဒါပေမဲ့ အဲ့ဒီတံတိုင်းရဲ့ အနီးဆုံးမှာတော့ ငါရှိနေပါရစေ
ခေါ်လို့မရတဲ့ ဘ၀တွေနဲ့
အဝေးဆုံးထိဝေးသွားခဲ့ပြီပဲ
ငါမခေါ်တော့ပါဘူး ………..
ဒါပေမဲ့ မင်းရဲ့အနီးဆုံးနေရာမှာတော့
ငါရှိနေပါရစေ။။
သစ္စာပန်းကဗျာရိပ်မွန်မှ ကြိုဆိုပါ၏
Subscribe to:
Post Comments (Atom)
No comments:
Post a Comment